ကြံခင်း   ၈  နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီးကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသည့်မဲရုံများ ပိတ်သိမ်းကြောင်းကြေငြာခြင်းနှင့် မဲစာရင်းများစစ်ဆေးခြင်းကို ယနေ့ညနေ(၄)နာရီ အချိန်က ကြံခင်းမြို့နယ်မဲရုံများတွင် ကြေညာပေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့ နံနက်(၆)နာရီ အချိန်က မဲရုံဖွင့်လှစ်ပြီးမဲ ဆန္ဒရှင်ပြည်သူများမှ ဆန္ဒမဲများ ပေးကြကြောင်းနှင့် ကြံခင်းမြို့နယ်အတွင်းရှိ မဲရုံပေါင်း(၉၄)ရုံ ဖွင့်လှစ်ပြီး မဲဆန္ဒရှင်ပြည်သူပေါင်း (၇၅၆၄၀)ဦးရှိကြောင်း သိရသည်။

ညနေ (၄)နာရီအချိန်တွင် ပိတ်သိမ်းခဲ့ကြောင်း ကြေညာပြီး မဲရုံးမှူးနှင့် မဲရုံအဖွဲဝင်များက မဲပုံးများကို ကိုယ်စားလှယ်များအား code နံပါတ်ကြိုးများ ပြသစစ်ဆေးစေပြီး ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း၊ မဲလက်မှတ်များအား ပွင့်လင်းမြင်သာစွာ ပြသစစ်ဆေး၍ ရေတွက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကြံခင်းမြို့တွင် အမျိုးသားလွှတ်တော်(၄)ဦး၊ ပြည်သူ့လွှတ်တော်(၄)ဦး၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်(၄)ဦး၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်(၄)ဦး၊ ရခိုင်တိုင်းရင်းသားလွှတ်တော်(၅)ဦး၊ ကရင်တိုင်းရင်းသား လွှတ်တော်(၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မိုးမိုး(ပြန်/ဆက်)