မြစ်ကြီးနား      ၁၉  အောက်တိုဘာ 

 

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြစ်ကြီးနားခရိုင်အတွင်း ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ (၃၆၄၁၃၂) ဦးရှိကြောင်း ခရိုင်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

မြစ်ကြီးနားခရိုင်အတွင်း ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ (၁)ရက် နေ့မှ (၁၄) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် စာရင်းများ ထုတ်ပြန် ကြေညာခဲ့ရာ ပုံစံ (၃) ဖြင့်တောင်းဆိုသူ (၇၂၄၉) ဦး၊ ပုံစံ (၄) ဖြင့် ပယ်ဖျက်သူ (၂၃၇၉) ဦးနှင့် ပုံစံ (၄-ဂ) ဖြင့်အမှားပြင်ဆင်သူ (၃၁၄၈) ဦးရှိပြီး စုစုပေါင်း လာရောက်ကြည့်ရှုသူ (၁၂၇၇၅) ဦး ရှိခဲ့ကြောင်း ခရိုင်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ‌ရွေးကောက်ပွဲတွင် မြစ်ကြီးနားခရိုင်အတွင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၈၆) ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄၀) ဦးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၃၂)ဦးရှိပြီး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် (၁၅၈) ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြစ်ကြီးနားခရိုင်အတွင်း မဲရုံပေါင်း (၂၉၃) ရုံဖြင့် အထွေထွေရွေး ကောက်ပွဲကို အောင်မြင်စွာကျင်းပသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားခရိုင်‌ ရွေးကောက်ပွဲ အရာရှိ ဦးကျော်ဦးအောင်ထံမှ သိရှိရသည်။

 

စိန်ဝင်း(ပြန်/ဆက်)