ဖာပွန်  ၂   ဇူလိုင်

 

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ဖာပွန်မြို့နယ်အတွက် ၂၀၂၀ ပြည့်နှစ်၊ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ မဲရုံသုံးပစ္စည်းများ ​​ရောက်ရှိလာပြီဖြစ်​ကြောင်း သိရှိရသည်။

 

ဖာပွန်မြို့နယ်အတွက် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ မဲရုံသုံးပစ္စည်းများမှာ ပလပ်စတစ်ခြင်းတောင်း (၂၇၅) ခု၊ ချိတ်ထိုးတံဆိပ်တုံး (၅၃) ခု၊ မဲရုံမှူးများအတွက် လိမ္မော်ရောင် လည်ဆွဲကတ် (၅၂)ခု၊ ဒုမဲရုံမှူးများအတွက် အပြာရောင်လည်ဆွဲကတ် (၅၂)ခု၊ မဲရုံအဖွဲ့ဝင်များအတွက် အနက်ရောက်လည်ဆွဲကတ် (၂၆၀)ခု စုစုပေါင်း လည်ဆွဲကတ် (၃၆၄)ခု ရောက်ရှိနေပြီဖြစ်ကြောင်း ဖာပွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)