ရေနံချောင်း ၁၁ မတ်

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ကျင်းပရာ ရေနံချောင်းမြို့နယ်၌ မြန်မာစာ ဖြေဆိုသည့် ပထမနေ့တွင် ၁၈၆ ဦး ဝင်ရောက်ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

ရေနံချောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာဖြေဌာန ၈ ခု ဖွင့်လှစ်ကျင်းပရာ ဖြေဆိုရန် စာရင်းပေးသွင်းသူ ၃၉၈၄ ဦးအနက် ပထမနေ့ မြန်မာစာဖြေဆိုသည့်နေ့တွင် ဝင်ရောက်ဖြေဆိုသူ ၃၇၉၈ ဦးရှိခဲ့ပြီး ကျောင်းသား ၁၂၅ ဦးနှင့် ကျောင်းသူ ၆၁ ဦး စုစုပေါင်း ၁၈၆ ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း သိရသည်။

 

ကိုစိုးကြီး