နေပြည်တော် ၁၁ ဇန်နဝါရီ

 

၂၀၂၀ ရာသီ Myanmar National League (MNL) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်များမှ ပွဲစဉ်(၁)အဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ချင်းယူနိုက်တက်အသင်းတို့သည် ဇန်နဝါရီ ၁၂ ရက် ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ရှိ YUSC ကွင်း၌ ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

 

အဆိုပါပွဲစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် MRTV Sports Channel တို့တွင် ယင်းနေ့ ညနေ (၃)နာရီ (၁၅)မိနစ်အချိန်မှ စတင်ပြီး တိုက်ရိုက်ထုတ်လွှင့် ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်