၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲအတွက် အွန်လိုင်းလက်မှတ်ရောင်းချမှုကို ယနေ့ စတင်မည်ဖြစ်သည်။
ပြိုင်ပွဲကျင်းပရေးကော်မတီက ဖွင့်လှစ်ထားသည့် တရားဝင်ဝက်ဆိုဒ်တစ်ခုတွင် နံနက် ၁၀နာရီမှ စတင်ကာ လက်မှတ်ဝယ်ယူရန် လျှောက်လွှာများကို ကံစမ်းမဲ အစီအစဉ်ဖြင့် လက်ခံမည်ဖြစ်သည်။
လက်မှတ်ဝယ်ယူရန် လျှောက်ထားသူများသည် တရားဝင်ဝက်ဆိုဒ်ဖြစ်သည့် TOKYO 2020 ID သို့ မှတ်ပုံတင်ရမည်ဖြစ်သည်။ မေ၂၈ရက်နေ့ ည ၁၂ နာရီထိ လျှောက်လွှာများကို လက်ခံမည်ဖြစ်သည်။ ဗုဒ္ဓဟူးနေ့မှစတင်၍ လူ ၃သန်းနီးပါး မှတ်ပုံတင်ခဲ့ကြသည်။
လျှောက်ထားသူတစ်ဦးသည် ပထမဆုံးရွေးချယ်မှုများအနေဖြင့် လက်မှတ် အစောင် ၃၀ လျှောက်ထားနိုင်ပြီး ဒုတိယအကြိမ်အနေဖြင့်လည်း လက်မှတ်အစောင် ၃၀ လျှောက်ထားနိုင်မည် ဖြစ်သည်။ လျောက်ထားသူတစ်ဦး ချင်းမှာ လက်မှတ် စုစုပေါင်း အစောင် ၃၀ ရရှိနိုင်မည်ဖြစ်သည်။
ယခုနှစ်နှောင်းပိုင်းမှစတင်၍ လက်မှတ်များကို ဦးရာလူစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။ တိုကျိုတွင် တည်ဆောက်မည့် တရားဝင်အရောင်းဆိုင်တွင် ကျန်ရှိသည့် လက်မှတ်များကို နောက်နှစ်တွင် ရောင်းချမည်ဖြစ်သည်။
ကံစမ်းမဲအစီအစဉ်ဖြင့် ဖွင့်လှစ်ရောင်းချမှုတွင် လက်မှတ်များ အများဆုံးပါဝင်မည်ဟု မျှော်လင့်ရသည်။
လျှောက်လွှာလျှောက်ထားသူ အတော်များများသည် လျှောက်လွှာ စတင်လက်ခံနေ့မှ စတင်ပြီး လျှောက်လွှာ ပိတ်မည့်ရက်အထိ အဆိုပါ ဝက်ဆိုဒ်သို့ အလျင်အမြန်ဝင်ရောက်လျှောက်ထားမည်ဟု မျှော်လင့်လျက်ရှိသည်။
လျှောက်လွှာများသည် ကံစမ်းမဲ ရလဒ်ကို မထိခိုက်စေသဖြင့် ဝင်ရောက်လျှောက်ထားကြရန် အဆိုပါ အားကစားပြိုင်ပွဲကျင်းပရေးကော်မတီက အကြံပေးလျက်ရှိသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်