ဝမ်းတွင်း ၂၀ ဖေဖော်ဝါရီ
၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၀ပြည့်နှစ်မတ်လ အတွင်းကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ဝမ်းတွင်းမြို့နယ်တွင် စာစစ်ဌာန(၉)ခု ဖွင့်လှစ်ထားရှိကာ ကျောင်းသား ကျောင်းသူ (၄၃၈၅)ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းသိရသည်။
စာစစ်ဌာနများအဖြစ် စာစစ်ဌာနအ.ထ.က၊ (ဝမ်းတွင်း)တွင် (၆၉၁)ဦး၊ အ.ထ.က(သဲတော)တွင် (၉၅၉)ဦး၊ အ.ထ.က(ပင်းတလဲ)တွင် (၅၃၈)ဦး၊ အ.ထ.က(တမာကုန်း)တွင် (၁၉၆)ဦး၊ အ.ထ.က(ရွာသစ်)တွင် (၆၉၉)ဦး၊ အ.ထ.က(ဆပ်ခင်း)တွင် (၅၁၁)ဦး၊ အ.ထ.က(ဒိုင်ကောင်းကုန်း)တွင် (၄၉၇)ဦး၊ အ.ထ.က (သဘွတ်ကုန်း)တွင် (၁၉၀)ဦး၊ အ.ထ.က(ညောင်အုပ်ဖီး)တွင် (၁၀၄)ဦး၊ စုစုပေါင်းကျောင်းသား/သူ (၄၃၈၅)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ပြီး ဝမ်းတွင်းမြို့နယ် အနေဖြင့် စာစစ်ဌာန(၉)ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)


