ကဝ၊ ၂၂ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ အင်းလုပ်ငန်းရာသီနှစ်အတွက် (တတိယ)အကြိမ် တင်ဒါချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ် ငါးလုပ်ငန်းဉီးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးစိုးမင်းက အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်က တင်ဒါချက်များ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်မောင်ဖုန်းက ရေလုပ်သားကြီးများ လိုက်နာရမည့် (တတိယ)အကြိမ် တင်ဒါချက်များ၊ အိတ်ဖွင့်တင်ဒါရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များကို ရှင်းလင်းဖတ်ကြားပြီး တင်ဒါချက်များ အိတ်ဖွင့်တင်ဒါရောင်းချခြင်းကို ဆက်လက် ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းအောင်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ရေလုပ်သားကြီးများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်


