၂၇ ဇန်နဝါရီ

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ၂၀၂၁ ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်ပြီး ကစားသမားများရွေးချယ်ရန် စတင်ဆောင်ရွက်နေပြီဖြစ်သည်။

၂၀၂၁ ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရန် လိုသေးသော်လည်း နည်းပြချုပ်ပိုပေါ့ဗ်အနေဖြင့် အလားအလာရှိပြီး အသက်မီသည့် ကစားသမားများကို ရေရှည်လေ့ကျင့်ပေးသွားရန် ကစားသမားရွေးချယ်မှုကို စတင်ပြုလုပ်ခြင်းဖြစ်သည်။ ပိုပေါ့ဗ်သည် ယခုလအတွင်း စတင်ကျင်းပလျက်ရှိသည့် MNL လိဂ်ပွဲစဉ်များအပါအဝင် MNL-2 ပြိုင်ပွဲနှင့် လူငယ်လိဂ်ပြိုင်ပွဲများကိုပါ လိုက်လံကြည့်ရှုမည်ဖြစ်ပြီး အသက် ၂၂ နှစ်အောက်ပြိုင်ပွဲဖြစ်သောကြောင့် ယခုနှစ်တွင် အသက် ၂၁ နှစ်အောက်ရှိသည့် ကစားသမားများကို အဓိကရွေးချယ်သွားမည်ဖြစ်သည်။ 

 

‌ေ

 

၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် အသင်းမှ အသက်မီသည့် ကစားသမားများကို ပြန်လည်ရွေးချယ်မည်ဖြစ်သော်လည်း ယခုနှစ်အတွင်း ဖွဲ့စည်းလေ့ကျင့်မည့်အသင်းတွင် ကစားသမားသစ်များကို ဦးစားပေးရွေးချယ်သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီသည် မြန်မာ ယူ-၂၂ အသင်း၏ ပြင်ဆင်မှုများနှင့် ပတ်သက်၍ နည်းပြချုပ်ပိုပေါ့ဗ်နှင့် ညိနှိုင်းကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ယခုနှစ်တွင် လိဂ်ပြိုင်ပွဲ ရပ်နားသည့်ကာလများတွင် ကာလတိုလေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ မြန်မာ ယူ-၂၂ အသင်းသည် ၂၀၂၂ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်နိုင်ခြင်းမရှိသော်လည်း ကမ္ဘောဒီးယားကို တတိယလုပွဲတွင် အနိုင်ရကာ ကြေးတံဆိပ် ရရှိခဲ့သည်။

 

‌ေ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီသည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ် ရယူပေးခဲ့သည့် ဘူဂေးရီးယားနိုင်ငံသား နည်းပြချုပ် ပိုပေါ့ဗ်ကို ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲအထိ ဆက်လက်တာဝန်ပေးရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းကို ၂၀၂၀ နှစ်ကုန်အထိသာ စာချုပ် ချုပ်ဆိုထားသောကြောင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်