နေပြည်တော် ဖေဖော်ဝါရီ ၇
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ အောင်စာရင်းကို ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။
အဘိဓမ္မာစာမေးပွဲတွင် စာဖြေဌာနပေါင်း (၉၇) ဌာန၌ ဖြေဆိုသူ (၅၁၃၃) ဦး၊ အောင်မြင်သူ (၃၆၅၁) ဦး၊ နှစ်ချင်းပေါက် သုံးဆင့်လုံး အောင်မြင်သူ (၃၉၃) ဦး ရှိ၍ ပြည်တွင်း/ပြည်ပ စာဖြေဌာနများအနက် အမှတ်အများဆုံးဖြင့် ထူးချွန်ဆုရရှိသူများမှာ ပထမ၊ ခုံအမှတ်- ခါး - ၄၀၊ မယမင်းသူ၊ ညောင်ခါးရှည်စာဖြေဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဒုတိယ၊ ခုံအမှတ်- တမ - ၁၀၊ ဒေါ်စံပယ်လှိုင်၊ တာမွေစာဖြေဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တတိယ၊ ခုံအမှတ်- တမ - ၁၁၊ ဒေါ်ရှုချင်၊ တာမွေစာဖြေဌာန၊ ရန်ကုန်တိုင်းဒေသကြီးတို့ ဖြစ်သည်။
အဘိဓမ္မာဂုဏ်ထူးဆောင်စာမေးပွဲတွင် စာဖြေဌာနပေါင်း (၆၇) ဌာန၌ ဖြေဆိုသူ (၉၁၀)၊ အောင်မြင်သူ (၇၅၇) ဦး၊ နှစ်ချင်းပေါက် သုံးဆင့်လုံးအောင်မြင်သူ (၁၇၂) ဦးရှိ၍ ပြည်တွင်း/ပြည်ပ စာဖြေဌာနများအနက် အမှတ်အများဆုံးဖြင့် ထူးချွန်ဆု ရရှိသူများမှာ ပထမ၊ ခုံအမှတ်- အမစ - ၁၄၊ ဒေါ်ခင်နှင်းကြည်၊ အောင်မြေသာစံစာဖြေဌာန၊ မန္တလေးတိုင်း ဒေသကြီး၊ ဒုတိယ၊ ခုံအမှတ်- အမစ - ၆၊ ဒေါ်နီလာအေး၊ အောင်မြေသာစံစာဖြေဌာန၊ မန္တလေးတိုင်း ဒေသကြီး၊ တတိယ၊ ခုံအမှတ်- လှိုင် - ၆၈၊ ဒေါ်ခင်ဖြူဝင်း၊ လှိုင်စာဖြေဌာန၊ ရန်ကုန်တိုင်းဒေသကြီးတို့ ဖြစ်သည်။
ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် စာဖြေဌာနပေါင်း (၅၆) ဌာန၌ ဖြေဆိုသူ (၇၁၂) ဦး၊ အောင်မြင်သူ (၅၉၇) ဦး၊ နှစ်ချင်းပေါက် သုံးဆင့်လုံး အောင်မြင်သူ (၁၂၅) ဦးရှိ၍ ပြည်တွင်း/ပြည်ပ စာဖြေဌာနများအနက် အမှတ်အများဆုံးဖြင့် ထူးချွန်ဆုရရှိသူများမှာ ပထမ၊ ခုံအမှတ် - အမစ - ၉၊ ဒေါ်စန်းစန်းဌေး၊ အောင်မြေသာစံစာဖြေဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ဒုတိယ၊ ခုံအမှတ်- လှိုင် - ၂၂၊ ဒေါ်ခင်ဝင်းရီ၊ လှိုင်စာဖြေဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တတိယ၊ ခုံအမှတ်- မလ - ၂၊ မောင်စိုးသီဟ၊ မလှိုင်စာဖြေဌာန၊ မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်သည်။
အောင်စာရင်းအပြည့်အစုံကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ Website www.mahana.org.mm၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့မှ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သာသနာရေး ဦးစီးဌာနမှ သိရသည်။
သတင်းစဉ်


