တောင်ကြီး ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ဇွန် ၂၃ ရက် နံနက် နာရီက ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်မီတာ (၅၀၀၀) အပြေးပြိုင်ပွဲကျင်းပသည်။

၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်အထိမ်းအမှတ်အခမ်းအနားတွင် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးစိုင်းလိတ်က မီတာ(၅၀၀၀) အပြေးပြိုင်ပွဲတွင် ပါ ဝင်ယဉ်ပြိုင်ကြသော ပညာဥယျာဉ်၊ မိဘမေတ္တာ၊ မေတ္တာရင်ခွင်ကျောင်းတို့ကို အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီး မီတာ(၅၀၀၀) အပြေးပြိုင်ပွဲကို သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် အမျိုးသား အမျိုးသမီး မီတာ(၅၀၀၀) အပြေးပြိုင်ပွဲ၊ အမျိုးသား အမျိုးသမီး မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ အမျိုးသား အမျိုးသမီး မီတာ(၁၀၀) လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသား အမျိုးသမီး မီတာ(၈၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား အမျိုးသမီး အလျားခုန်ပြိုင်ပွဲတို့ ပါဝင်ရာ ယှဉ်ပြိုင်သူဦးရေ (၂၀၀)ရှိသည်။ ဆုရရှိသူများကို ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ အားကစားနှင့် ကာယပညာသိပ္ပံညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)