ပဲခူး ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ မြို့နယ်လူမှုဖူလုံရေးရုံး၌ အကျုံးဝင် မှတ်ပုံတင်ထားသော အထည်ချုပ်စက်ရုံမှ အာမခံအလုပ်သမား ဒေါ်ခင်မြတ်သူ၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းကို ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံး၌ ဒီဇင်ဘာ ၃ ရက်က ပေးအပ်သည်။
ပေးအပ် အခမ်းအနားသို့ပဲခူးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအောင်မင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ မိတ်ဖက်ဌာနများမှ တိုင်းဒေသကြီးဦးစီးမှူးများ၊ လူမှုဖူလုံရေးအဖွဲ့၊ တိုင်းဒေသကြီးတာဝန်ခံ၊ ဒုတိယ တိုင်းတာဝန်ခံ၊ ပဲခူးမြို့နယ်ရုံးခွဲတာဝန်ခံ၊ သက်ဆိုင်ရာအလုပ်ဌာနမှ တာဝန်ရှိသူများ၊ ကျန်ရစ်သူမိသားစုဝင်များ တက်ရောက်ခဲ့ကြပြီး လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးသွားသော ဒေါ်ခင်မြတ်သူအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် စုစုပေါင်းငွေကျပ် ၄၄၅၉၁၃၆ အား ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက သေဆုံးသူ ဒေါ်ခင်မြတ်သူ၏ ဖခင်ဖြစ်သူထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)