ပုလော၊  ဇွန် 

 

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ဇွန်  ရက်က ပုလောမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ရှမ်းဒွတ်ကျေးရွာအုပ်စုရှိ တောင်သူများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ  ရှမ်းဒွတ်ကျေးရွာ၌ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေထုတ်သူ တောင်သူ  ၄၃  ဦးရှိပြီး လယ်ဧက ၂၆၈ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် ()သိန်းခွဲနှုန်းဖြင့် ငွေ ၄၀၂ သိန်းကို ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ပုလောမြို့နယ်၌ ၂၀၂၁ ခုနှစ်အတွက် ရပ်ကွက် ()ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၂)အုပ်စုရှိ တောင်သူ ၃၃၈၀ ဦး၊ လယ်ဧကပေါင်း ၂၁၅၇၂ ဧကအတွက် တစ်ဧကလျှင် ၁ သိန်းခွဲနှုန်းဖြင့် ငွေကျပ် ၃၂၃၅၈ သိန်းကို ထုတ်ချေးပေးရန် လျာထားကြောင်းနှင့် ၂၀၂၀ ခုနှစ် မိုးစပါး အချိန်စေ့ ချေးငွေကျေသည့် တောင်သူများကို ၂၀၂၁ ခုနှစ် မိုးစပါးချေးငွေများကို ထုတ်ပေးခြင်းဖြစ်ကြောင်းကို ပုလောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်ကြူကြူအေးထံမှ သိရသည်။

 

အေးအေးမော် (ပုလော ပြန်/ဆက်)