၂၀၂၁ ရဲ့ အလှဆုံးဖုန်းအဖြစ် နာမည်ကျော်နေတဲ့ Xiaomi Civi

ကျော်ဇင်ဦး

 

Xiaomi ရဲ့ စမတ်ဖုန်း မော်ဒယ်သစ်တစ်မျိုးဖြစ်တဲ့ Civi ကို စက်တင်ဘာ ၂၇ ရက်က စတင်မိတ်ဆက်ပြသခဲ့ပြီး မိတ်ဆက်ချိန်မှာပဲ ၂၀၂၁ ခုနှစ်ရဲ့ ဒီဇိုင်းအလှဆုံးဖုန်းအဖြစ် နာမည်ကျော်ခဲ့ပါတယ်။ စက်တင်ဘာ ၃၀ ရက်ကစပြီး တရုတ်နိုင်ငံတွင်း ဈေးကွက်မှာ ရောင်းနေပြီဖြစ်တဲ့ ဒီဖုန်းရဲ့ အဓိကကျတဲ့အချက်တွေကို ဖော်ပြလိုက်ပါတယ်။

 

mdn

 

ကိုယ်ထည်အရောင်အနေနဲ့ အနက်၊ အပြာနဲ့ ပန်းရောင် သုံးမျိုးထွက်ရှိထားတဲ့ Xiaomi Civi စမတ်ဖုန်းမှာ လူကြိုက်များတဲ့ စွမ်းဆောင် ရည်တစ်ခုအဖြစ် Under display Fingerprint လည်း ပါဝင်ပါသေးတယ်။ စွမ်းဆောင်ရည်ကောင်းပြီး ဒီနှစ်ထဲမှာ ဒီဇိုင်းအလှဆုံးလို့ နာမည်ကျော်တဲ့ Xiaomi Civi ဟာ ဈေးနှုန်းပိုင်းလည်း အမြင့်မှာရှိပြီး လက်ရှိငွေဈေးအရ အနိမ့်ဆုံး 8/128 က ကျပ်ခုနစ်သိန်းခွဲဝန်းကျင်၊ 8/256 ကကျပ်ရှစ်သိန်းခွဲ ဝန်းကျင်နဲ့ 12/256 က ကျပ်ကိုးသိန်းကျော် ရှိနိုင်ပါတယ်။