နေပြည်တော် ဖေဖော်ဝါရီ ၂၁

 

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် အခြေခံပညာကျောင်း ၇၀ တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းတွင်းစစ် စာမေးပွဲများကို ဖေဖော်ဝါရီ ၂၁ ရက်နံနက်ပိုင်းက ဖြေဆိုပြီးစီးခဲ့သည်။ 

 

အဆိုပါ စာမေးပွဲများတွင် Grade(4)၊ Grade(6)၊ Grade(7)နှင့် Grade(8)မှ ကျောင်းသား  ကျောင်းသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အခြေခံသိပ္ပံ/ ပထဝီဝင်၊ လူမှုရေး/ သမိုင်း၊ အထွေထွေသိပ္ပံ ဘာသာရပ်များကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိ တစ်ရက်လျှင် နှစ်ဘာသာနှုန်း ဖြေဆိုခဲ့ပြီး Grade(10)နှင့် Grade(11)မှ ကျောင်းသား ကျောင်းသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ/ဘောဂဗေဒ၊ လူမှုရေးသိပ္ပံ ဘာသာရပ်များကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၁ ရက်ထိ တစ်ရက်လျှင် တစ်ဘာသာနှုန်း ဖြေဆိုခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

 

သန္တာလင်း(ပုဗ္ဗသီရိ)