နေပြည်တော်၊ အောက်တိုဘာ ၁၆
၂၀၂၂ ခုနှစ်၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၈ ရက်နေ့တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါအခမ်းအနား ကျင်းပပုံများကို အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၅၀ မှ စတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD ၊ MRTV News ၊ MWD ၊ MWD Variety ၊ MITV ၊ Channel 7၊ 5 Plus ၊ Channel 9၊ တိုင်းရင်းသား Channel၊ MOI Website ၊ MOI Youtube ၊ MRTV Website နှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM၊ မန္တလေး FM၊ ပဥ္စဝတီ FM၊ ရွှေ FM၊ ပတ္တမြား FM ၊ FM ပုဂံ ၊ချယ်ရီ FM နှင့် Star FM တို့မှ တိုက်ရိုက် (LIVE) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
သတင်းစဉ်