သာစည် ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ် အားကစားပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကစားသမားများအား ရွေးချယ်ပြီး မြို့နယ်ပြည်သူ့အားကစားကွင်း၌ လေ့ကျင့်ပေးလျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပေးလျက်ရှိသော ကစားသမားများကို သာစည်မြို့ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများမှ ရွေးချယ်ထားခြင်းဖြစ်ပြီး ကစားသမားများ ရွေးချယ်ရာတွင် ပြိုင်ပွဲသတ်မှတ်စည်းကမ်းများနှင့်အညီ ဖြစ်စေရေး စိစစ်ရွေးချယ်ခဲ့ကာ ရွေးချယ် ထားပြီးသော ကစားသမားများအား နံနက် တစ်ကြိမ်နှင့် ညနေ တစ်ကြိမ် နှစ်ကြိမ် စနစ်တကျ လေ့ကျင့်ပေးလျက်ရှိသည်။
အဆိုပါပြိုင်ပွဲတွင် သာစည်မြို့နယ်မှ ပြေးခုန်ပစ် အားကစားနည်း ၁၆ မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)