ရောမ နိုဝင်ဘာ ၁

ကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံ ၂၀ (ဂျီ-၂၀) ခေါင်းဆောင်များက ဖွံ့ဖြိုးဆဲနိုင်ငံများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထောက်ပံ့ပေးရန်နှင့် ၂၀၂၂ ခုနှစ်နှစ်လယ်ပိုင်းမတိုင်မီ ကမ္ဘာ့လူဦးရေ ၇၀ ရာခိုင်နှုန်းအား ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးပြီးဖြစ်ရန် ယနေ့ အစည်းအဝေး၌ ဆွေးနွေးအတည်ပြုကြောင်း သိရသည်။

ကျင်းပလျက်ရှိ ဂျီ-၂၀ ထိပ်သီး အစည်းအဝေး ကို အီတလီနိုင်ငံ ရောမမြို့၌ အောက်တိုဘာ ၃၀ ရက်မှ စတင်ကာ နှစ်ရက်တာ ကျင်းပလျက်ရှိသည်။ အဆိုပါ လူကိုယ်တိုင်တက်ရောက် သည့် အစည်းအဝေးသည် နှစ်နှစ်အတွင်း ပထမဆုံး အကြိမ် ဖြစ်သည်။

ခေါင်းဆောင်များက ကမ္ဘာ့နိုင်ငံများ ရင်ဆိုင်နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကို လျင်မြန်စွာ ထိန်းချုပ်နိုင်ရေးနှင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် ဆွေးနွေးကြောင်း သိရသည်။

သဘောတူညီ ထို့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ကာကွယ်ဆေးရရှိမှု မညီမျှမှုအပေါ် အလေးထားဆောင်ရွက် သွားရန်ကိုလည်း ခေါင်းဆောင်များက သဘောတူညီကြသည်။ အနိမ့်ဆုံး အခွန်အခပေး ဆောင်မှုနှင့်ပတ်သက်ပြီး ဝန်ကြီးအဆင့် အစည်းအဝေး၌ လက်ခံသဘောတူညီခဲ့သည့် ကိစ္စရပ်များကိုလည်း ခေါင်းဆောင်များက ထပ်လောင်းအတည်ပြုခဲ့သည်။

အဆိုပါ သဘောတူညီချက်အရ ကုမ္ပဏီကြီးများသည် ၎င်းတို့၏ အခွန်အခနှုန်းထားများကို မျှတစွာ ပေးဆောင်ရမည် ဖြစ်သည်။ ရာသီဥတု ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန်- အောင်ကျော်ကျော်