ပဲခူး မတ် ၉
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပဲခူးတိုင်းဒေသကြီး စာဖြေဌာန ၁၁၉ ခုမှ ကျောင်းသား ကျောင်းသူ ၂၉၇၇၀ ဖြေဆိုရန် စာရင်းသွင်းထားရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ် မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်အထိ ပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် ပဲခူးတိုင်းဒေသကြီး (အရှေ့)ရှိ ပဲခူးနှင့် တောင်ငူခရိုင်တို့တွင် စာဖြေဌာန ၆၃ ခု ရှိရာ အတွဲ(၁)တွင် ကျောင်းသား ကျောင်းသူ ၁၀၂၁၈ ဦး၊ အတွဲ(၂)တွင် ၁၈၃၁ ဦး၊ အတွဲ(၅)တွင် ၄၈ ဦး၊ အတွဲ(၇)တွင် ၅၀၃၉ ဦး စုစုပေါင်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၁၇၁၃၆ ဦး ရှိကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး(အနောက်)ရှိ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့တွင် စာဖြေဌာန ၅၆ ခု ရှိရာ အတွဲ(၁)တွင် ကျောင်းသား ကျောင်းသူ ၈၄၈၂ ဦး၊ အတွဲ(၂)တွင် ၁၇၅၈ ဦး၊ အတွဲ(၇)တွင် ၂၃၉၄ ဦး စုစုပေါင်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၁၂၆၃၄ ဦး ဝင်ရောက်ဖြေဆိုကြမည် ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာဖြေဌာန ၁၁၉ ခု ထားရှိပေးထားပြီး အတွဲ(၁)တွင် ကျောင်းသား ကျောင်းသူ ၁၈၇၀၀၊ အတွဲ(၂)တွင် ၃၅၈၉ ဦး၊ အတွဲ(၅)တွင် ၄၈ ဦး၊ အတွဲ(၇)တွင် ၇၄၃၃ ဦး စုစုပေါင်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၂၉၇၇၀ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


