၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

ဘားအံ       ဇွန်      ၂၈

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကရင်ပြည်နယ်အတွင်းမှ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများ၊ အောင်ချက်ကောင်းသော မြို့နယ်နှင့် ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ဇွန် ၂၈ ရက် နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌

 

အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက “ကရင်ပြည်နယ် အတွက် ဂုဏ်ယူဝမ်းမြောက်ရပါကြောင်းနှင့် ကရင်ပြည်နယ်နေ့ အခမ်းအနားတွင်လည်း ဂုဏ်ပြုဆုများ ထပ်မံချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း” ပြောကြားကာ ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်ဝန်ကြီးများက ပြည်နယ်အတွင်း အောင်ချက်ကောင်းသော မြို့နယ်ဆု၊ အောင်ချက်ကောင်းသော ကျောင်းဆု (အခြေခံနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း)၊ ခြောက်ဘာသာ ဂုဏ်ထူးရှင်ဆု၊ ငါးဘာသာ ဂုဏ်ထူးရှင်ဆု၊ လေးဘာသာ ဂုဏ်ထူးရှင်ဆု၊ သုံးဘာသာ ဂုဏ်ထူးရှင်ဆုနှင့် ပြည်နယ်အတွင်း သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲ အမှတ်အများဆုံး ထူးချွန်ဆုရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ဆုရကျောင်းသား ကျောင်းသူများကိုယ်စား ခြောက်ဘာသာဂုဏ်ထူးရှင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ အခမ်းအနားအပြီးတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့က ထူးချွန်ဆရာ ဆရာမမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသား မိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)