နေပြည်တော် နိုဝင်ဘာ ၂၃

 

၂၀၂၂ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ “က” အဆင့် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ကျင်းပမည် ဖြစ်သည်။

 

အဆိုပါ ဗိုလ်လုပွဲ ၊ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားကျင်းပပုံများကို ယင်းနေ့ မွန်းလွဲ  ၃ နာရီ ၁၅ မိနစ်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV – HD၊ MRTV Sports Channel၊ MWD HD Channel၊ MWD Variety HD Channel၊ MWD Education , Knowledge & Sports HD Channel ၊ Skynet Sport 4 Channel  နှင့် မြန်မာ့ အသံရေဒီယိုတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)