ရီယာ့ဒ်၊ မတ် ၁၃
ကမ္ဘာ့အကြီးဆုံး ရေနံစိမ်းတင်ပို့သူ ဆော်ဒီအေရမ်ကို ကုမ္ပဏီသည် ယမန်နှစ်က စုစုပေါင်း ဒေါ်လာ ၁၆၁ ဒသမ ၁ ဘီလီယံ စံချိန်တင်အမြတ်ငွေ ရရှိခဲ့ကြောင်း မတ် ၁၂ ရက်က ထုတ်ဖော်ပြောကြားသည်။
အက်ပဲလ်၏ နောက်တွင် ကမ္ဘာ့ဒုတိယတန်ဖိုးအရှိဆုံး ကုမ္ပဏီဖြစ်သည့် နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီးမှ ဆော်ဒီ စတော့ ဈေးကွက်တွင် ၂၀၂၂ ခုနှစ်အတွင်း အသားတင်ဝင်ငွေသည် ၂၀၂၁ ခုနှစ်ထက် ၄၆ ရာခိုင်နှုန်းအထိ တက်လာ သည်ဟု ဆိုသည်။
အေရမ်ကိုသည် ၂၀၁၉ ခုနှစ် တွင် စာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်လာပြီးနောက်ပိုင်း မြင့်မားသော ရေနံစိမ်းစျေးနှုန်းများ၊ ရောင်းရငွေပမာဏနှင့် အကောင်းဆုံးသော သန့်စင်မှုများကြောင့် အကောင်းဆုံး ရလဒ်များဖြင့် ဦးဆောင်နိုင်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားသည်။
အေရမ်ကို ရေနံကုမ္ပဏီ၏ အမြတ်ငွေသည် အဓိကရေနံ လုပ်ငန်းကြီးငါးခုဖြစ်သော ရှဲလ်၊ ရှယ်ဗရွန်၊ အိက်ဆွန်မိုဘီလ်၊ ဘီပီနှင့် တိုတယ်စွမ်းအင်ကုမ္ပဏီများ၏ ၂၀၂၂ ခုနှစ်အတွက် စံချိန်တင်အမြတ်ငွေ ဘီလီယံ ၁၅၀ ထက်ပင် ကျော်လွန်ရရှိခဲ့သည်။
အေအက်ဖ်ပီ