၃ အောက်တိုဘာ

 

 

အိန္ဒိယနိုင်ငံ အနေနှင့် တစ်ခါသုံး ပလပ်စတစ် အသုံးပြုမှုကို ၂၀၂၂ ခုနှစ်တွင် အဆုံးသတ်ရန်အတွက် လိုအပ်မှု ရှိသေးကြောင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီက ပြောကြားခဲ့သည်။

 

 

စွန့်ပစ်ပလပ်စတစ်များ၏ အန္တရာယ်နှင့် ပတ်သက်၍ ဝန်ကြီးချုပ်မိုဒီက ယမန်နေ့က ဂူဂျာရတ်တွင် ပြုလုပ်သော မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ စွန့်ပစ်ပလပ်စတစ်များ၏ အသုံးပြုမှုပုံစံ ဉပမာအားဖြင့် ဈေးဝယ်အိတ်နှင့် ကောက်ရိုးအိတ်တို့ အပါအဝင် ပုံစံခြောက်ခုအပေါ် မူတည်၍ တားမြစ်မှုတစ်ခုကို ချက်ချင်း ကြေညာလိမ့်မည်ဟု သိရသည်။

 

 

စီးပွားရေး ကဏ္ဍတွင် အဆိုပါအရွေ့ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို အိန္ဒိယအစိုးရ အနေနှင့် စိုးထိတ်နေသည်ဟု ဒေသခံမီဒီယာများက ပြောဆိုကြသည်။ အမေရိကန်နှင့် တရုတ်တို့၏ ကုန်သွယ်ရေး ပဋိပက္ခကြောင့် အိန္ဒိယ၏ စီးပွားရေး ကြီးထွားလာမှုမှာ နှေးကွေးသွားကြောင်း သိရသည်။

 

 

ပလပ်စတစ်အစား အခြားအရာများကို ရှာဖွေရာတွင် အခက်အခဲ ရှိသည့်အတွက် စိုးရိမ်ပူပန်ကြောင်း စက်မှုလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- စုရည်