ကိုပင်ဟေဂင် နိုဝင်ဘာ ၂၅

 

လက်ရှိ ကိုဗစ်-၁၉ အလားအလ များကို အခြေခံပြီး နောက်နှစ် နွေဦးရာသီမတိုင်ခင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ အရေအတွက် ၂ ဒသမ ၂ သန်းကျော် ရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဥရောပဒေသရုံးက ထုတ်ပြန်လိုက်သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဥရောပတွင် ကိုဗစ်-၁၉ ကပ်ရောဂါ စွဲကပ်ဖြစ်ပေါ်နေခြင်းကြောင့် တစ်နေ့လျှင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၂၀၀ နီးပါး ရှိလာခဲ့သည်။

ဥရောပတစ်ဝန်း ကိုဗစ်-၁၉ ဆက်စပ် သေဆုံးနှုန်းသည် ဥရောပ၏ နိုင်ငံပေါင်း ၅၃ နိုင်ငံ၌ ၁ ဒသမ ၅ သန်း ကျော်လွန်လာ ပြီဖြစ်သည်။

 

ဥရောပနှင့် အာရှအလယ်ပိုင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် သေဆုံးမှုဖြစ်ပေါ်စေသည့် နံပါတ်တစ် အကြောင်းရင်း ဖြစ်ကြောင်း ကျန်းမာရေး တိုင်းတာမှုနှင့် အကဲဖြတ်ခြင်းဆိုင်ရာ အင်စတီကျူက ထုတ်ပြန်လိုက်သော အချက်အလက် များအရ သိရသည်။

 

ဒေသတွင်း ဆေးရုံများအတွက်မူ သေရေးရှင်းရေးကဲ့သို့ ဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ခန့်မှန်းချက်အရ သိရသည်။

 

ဒေသတွင်း ၂၅ နိုင်ငံရှိ ဆေးရုံများပေါ်တွင် အလွန်ဆိုးသည့် ဖိအားများ သက်ရောက်နိုင်ပြီး ဒေသတွင်း ၅၃ နိုင်ငံအနက် ၄၉ နိုင်ငံရှိ အထူးကြပ်မတ်ကုသဆောင်တွင် အခုမှစပြီး ၂၀၂၂ ခုနှစ် မတ် ၁ ရက်အတွင်း အလွန်ဆိုးသော ဖိအားများ သက်ရောက်နိုင်ကြောင်း သိရသည်။

ဆင်ဟွာ