နေပြည်တော် ဖေဖော်ဝါရီ ၆

တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ အဓိကလုပ်ငန်းတာဝန်များသည် တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ဘောင်အတွင်း စနစ်တကျဖြစ်စေရန်နှင့် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ခန့်မှန်းခြေစာရင်းများ တွက်ချက်ရာတွင် ကွဲလွဲချက်များမရှိစေရေး သတ်မှတ်ချက်အတိုင်း မှန်မှန်ကန်ကန်ဖြစ်အောင် စိစစ်ခြင်းဖြစ်ကြောင်း ယနေ့မွန်းလွဲ ၁နာရီအတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ စုဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ၁/၂၀၂၄ နှင့် ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့(ငွေလုံးငွေရင်း) ၁/၂၀၂၄လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီတင်ပြပေးရန်နှင့် ကော်မတီအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရန် အဓိက စစ်ဆေးခြင်းဖြစ်ပြီး နည်းပညာပိုင်းနှင့် ဒီဇိုင်းပုံစံများဆောင်ရွက်ရာတွင် စံချိန်စံညွှန်းအရည်အသွေး ပြည့်မီစေရေး  အင်ဂျင်နီယာအဖွဲ့ အစည်းများနှင့် စစ်ဆေးပေးရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ် ငန်းများကို နိုင်ငံ့ဘဏ္ဍာလေလွင့် ဆုံးရှုံးမှုမရှိစေရေး စိစစ်ဆောင်ရွက်ရန်နှင့်  သတ်မှတ်ဘဏ္ဍာရေးနှစ် အတွင်း အချိန်မီပြီးစီးစေရေး ဝိုင်းဝန်းပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် လိုကြောင်း ထည့်သွင်းပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊  တည်ဆောက် ရေး လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ဗဟို အဖွဲ့ အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွန် ကြားရေးမှူးများ၊ ဌာနကြီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
    
ထို့နောက် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည် ထောင်စုဝန်ကြီးဌာနများအနေဖြင့် ဘဏ္ဍာရေး ရသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲတင်ပြရာတွင် လိုက်နာဆောင်ရွက်ရန်အချက်များ၊ တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးရေး လိုက်နာဆောင်ရွက်ရမည့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒများနှင့် ပတ်သက်၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဝင်းဖေက ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြား ချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍လည်း ကောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ကော်မတီအတွင်းရေးမှူး အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာပြည်ထောင်စု ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက်ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ အဓိကလုပ်ငန်းတာဝန်များကို မူဝါဒများနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်စေရေး၊တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိပြီး သင့်တော်သည့် လုပ်ငန်းရပ်များ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်စေရေးတို့အတွက် လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်