ငွေဆောင် ဧပြီ ၂၉
၂၀၂၃ ခုနှစ် ဧကာဒသမ လူရည်ချွန်များအတွက် လူရည်ချွန်စခန်း(ငွေဆောင်) ဖွင့်ပွဲကို ဧပြီ ၂၉ ရက် နံနက်က ငွေဆောင်မြို့ ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးသည်။
ဦးစွာ ဖွင့်ပွဲကို ယမုံနာဦးဟိုတယ် အရှေ့ဘက်မုခ်ဦး၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို ယမုံနာဦးဟိုတယ် ခန်းမ၌ ကျင်းပရာ လူရည်ချွန် မောင်မယ်များက မြန်မာ့ကျောင်း သီချင်းဖြင့် ဂုဏ်ပြုသီဆိုကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်တို့က အမှာစကားများ ပြောကြားကြပြီး ငွေဆောင် လူရည်ချွန်စခန်းမှူး တိုင်းဒေသကြီး ပညာရေးမှူးက လူရည်ချွန်စခန်း ဖွင့်လှစ်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် လူရည်ချွန် မောင်မယ်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဇနီးနှင့် တာဝန်ရှိသူများက ရင်ထိုးတံဆိပ်များ ချီးမြှင့်အပ်နှင်းကာ ဝန်ကြီးချုပ်က လူရည်ချွန် မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ဆက်လက်၍ လူရည်ချွန်စခန်း (ငွေဆောင်) စခန်မှူးနှင့် လူရည်ချွန်ကြီးများက အမှတ်တရလက်ဆောင်များ လိုက်လံပေးအပ်ကာ လူရည်ချွန် မောင်မယ်များက ဇာတိမာန်သီချင်း သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
လပြည့်ဦး(ပြန်/ဆက်)