နေပြည်တော် ဇူလိုင် ၂၈

 

၂၀၂၃ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ(ပထမအကြိမ်) ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက နေပြည်တော် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန၊ ရုံးအမှတ် ၅၂ ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက နှစ်စဉ် စက်တင်ဘာ ၈ ရက်သည်  နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဖြစ်၍ နိုင်ငံအတွင်းဆောင်ရွက် လျက်ရှိသည့် စာတတ်မြောက်ရေးလုပ်ငန်းများအား မိဘပြည်သူများသိရှိနိုင်ရေး၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေမြဲရေးဆောင်ရွက်နေမှုများ အပါအဝင် လူတိုင်းအတွက်ပညာရေးတွင် ကျောင်းပညာရေးနှင့် ကျောင်းပြင်ပ ပညာရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို အဆိုပါ အခမ်းအနား၌ ပြသသွားနိုင်ရေးတို့အတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများက ကဏ္ဍအလိုက်တင်ပြပေးရေး မှာကြားသည်။

 

ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌများက  လုပ်ငန်း ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားကြသည်။

 

ယင်းနောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသီးသီးဆွေးနွေးတင်ပြကြသည်။

 

ဆက်လက်၍ ဦးစီးကော်မတီဥက္ကဋ္ဌက အခမ်းအနားအောင်မြင်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် သွားကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်တို့ကို ဖြည့်စွက်ဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)