ရန်ကုန် သြဂုတ် ၁၁

 

၂၀၂၃ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီးလှေလှော်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃နာရီတွင် ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်၌ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသူများ  တက်ရောက် ကြသည်။

 

ဦးစွာ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး လှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များအဖြစ် မီတာ (၅၀၀) အမျိုးသား(၁၀)တက်လှော်ပြိုင်ပွဲနှင့် မီတာ(၅၀၀)အမျိုးသမီး(၁၀)တက်လှော်ပြိုင်ပွဲတို့ကို ကျင်းပသည်။

 

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ မီတာ(၅၀၀)(၇)တက်လှော် (အမျိုးသမီး အသင်းလိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်း ဒေသကြီးအသင်း၊ တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးမှ လည်းကောင်း၊ မီတာ(၅၀၀) (၇)တက်လှော် (အမျိုးသားအသင်းလိုက်)ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော ကရင်ပြည်နယ်အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ လည်းကောင်း၊ မီတာ(၅၀၀) (၁၀)တက်လှော် (အမျိုးသမီး အသင်းလိုက်)ပြိုင်ပွဲတွင် ပထမဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းတို့ကို တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှလည်းကောင်း၊ မီတာ(၅၀၀)(၁၀)တက်လှော် (အမျိုးသားအသင်းလိုက်)ပြိုင်ပွဲတွင် ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး အသင်း၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယဆုရရှိသော ရှမ်းပြည်နယ်အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ လည်းကောင်း၊ မီတာ(၅၀၀)(၁၀) တက်လှော် (အမျိုးသား+အမျိုးသမီးအသင်းလိုက်) ပြိုင်ပွဲတွင် ပထမဆု ရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ဧရာဝတီတိုင်းဒေသကြီးအသင်း၊ တတိယဆု ရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန်မှလည်းကောင်း၊  ရွှေ ၂ခု၊ ငွေ ၂ခုဖြင့် အမျိုးသမီး တံခွန်စိုက်ဆုရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း  ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ရွှေ ၄ခုဖြင့် အမျိုးသားတံခွန်စိုက်ဆုနှင့် ရွှေ(၈)ခု၊ငွေ(၂)ခုဖြင့် စုပေါင်း တံခွန်စိုက် ဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုများပေးအပ် ချီးမြှင့်သည်။

 

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စုပေါင်းတံခွန်စိုက်ဆုရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းမှ နည်းပြ (၅)ဦးနှင့် ကစားသမား(၃၂)ဦးတို့ကို တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၃၇)သိန်း ထပ်ဆောင်းချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)