ကိုလံဘို၊ ဧပြီ ၃

 

သီရိလင်္ကာနိုင်ငံ၏  ခရီးသွားလုပ်ငန်းသည် ၂၀၂၃ ခုနှစ်အတွင်း ခရီးသွားဝင်ရောက်မှုကို ယခင် မျှော်မှန်းသည့် ခရီးသွားတစ်သန်းခွဲထက် ပိုမိုတိုးတက်ကာ ခရီးသွားနှစ်သန်းခန့် ပိုမိုတိုးမြှင့် ဆွဲဆောင်ရန် မျှော်မှန်းထားကြောင်း တာဝန်ရှိသူ တစ်ဦးက ဧပြီ ၃ ရက်တွင် ပြောကြားသည်။

 

သီရိလင်္ကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ ပရီယန်သာ ဖာနန်ဒို က ၎င်း၏အဖွဲ့အနေဖြင့် ယခုနှစ် ပထမသုံးလပတ်အတွင်း ခရီးသွားလုပ်ငန်းအတွက် ပိုမိုကောင်းမွန်သည့် အလားအလာများကြောင့် ကမ္ဘာလှည့် ခရီးသွားဝင်ရောက်မှု မျှော်မှန်းချက်များကို ပြင်ဆင်ခဲ့ကြောင်း မီဒီယာများသို့ ပြောကြားသည်။

 

သီရိလင်္ကာနိုင်ငံသည် မတ်လ၏ပထမ ၂၈ ရက်အတွင်း ခရီးသွား ၁၁၂၀၀၀ ကျော် ဝင်ရောက်ခဲ့သဖြင့် ၂၀၂၃ ခုနှစ် မတ်လအတွက် ခရီးသွားဝင်ရောက်မှု မျှော်မှန်းချက်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သုံးလဆက်တိုက် ကမ္ဘာလှည့်ခရီးသည် တစ်သိန်းကျော်ကို ကြိုဆိုနိုင်ခဲ့ကြောင်း ဖာနန်ဒို က ပြောကြားသည်။

 

ယခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည် ၃၂၃၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ကာ တရုတ်နိုင်ငံသို့ လေကြောင်းပျံသန်းမှုနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ဆွဲဆောင်မှု လုပ်ငန်းများကြောင့် တရုတ်ခရီးသွားများ ပိုမိုဝင်ရောက်လာမည်ဟု မျှော်လင့်ထားသည်။ ထို့ပြင် အစ္စရေးနိုင်ငံသို့ တိုက်ရိုက်လေကြောင်းပျံသန်းနိုင်ရေးကိုလည်း ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ဆိုသည်။

 

ဆင်ဟွာ