ဒီဇင်ဘာ ၁၈

 

တောင်ကိုရီးယားနိုင်ငံတွင်နေထိုင်သော နိုင်ငံခြားသားအရေအတွက်သည် ၂၀၂၃ ခုနှစ်အတွင်း ဆယ်ရာခိုင်နှုန်းနီးပါး မြင့်တက်လာကြောင်း စာရင်းအင်းရုံးက ယနေ့တွင်အချက်အလက်ဖော်ပြခဲ့သည်။

 

နိုင်ငံအတွင်း ၉၁ ရက်ထက်မနည်းနေထိုင်ခဲ့သော အသက် ၁၅ နှစ်အထက်ရှိ နိုင်ငံခြားသားဦးရေသည် ၂၀၂၃ ခုနှစ်တွင် ၁ ဒသမ ၄၃ သန်း ရှိလာရာ အစောပိုင်းနှစ်ကထက် ၉ ဒသမ ၉ ရာခိုင်နှုန်းပိုမိုမြင့်မားခဲ့ကြောင်း ကိုရီးယားစာရင်းအင်းရုံး၏ဖော်ပြချက်အရ သိရသည်။ 

 

အဆိုပါနိုင်ငံအတွင်းနေထိုင်သော နိုင်ငံခြားသားအရေအတွက်သည် ၂၀၁၇ ခုနှစ်က အချက်အလက် ကောက်ခံပြုစုပြီးနောက်တွင် အမြင့်မားဆုံးဖြစ်သည်။ ယခုနှစ်အတွင်း နိုင်ငံအတွင်းနေထိုင်သောတရုတ်နိုင်ငံသားဦးရေ  ၁၃၅၀၀၀ဖြင့်  ၃ ဒသမ ၆ ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံသားဦးရေ ၂၀၁၀၀၀ဖြင့်  ၁၉ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာသည်။ နိုင်ငံသားအဖြစ်ခံယူသူများ၏ အလုပ်အကိုင်ရရှိမှု အရေအတွက်သည် ယခုနှစ်အတွင်း ၃၄၀၀၀ ရှိရာ  သုည ဒသမ ၆ ရာခိုင်နှုန်း တိုးလာသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို