နေပြည်တော် ဇွန် ၁၆
နိုင်ငံတော်အစိုးရအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်တို့မှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ စာမေးပွဲများဖြေဆိုနိုင်ရန် ဧပြီ ၂၈ ရက်မှစတင်ကာ သတ်မှတ်ထားသည့် မြို့နယ်များရှ ိကျောင်းများ၌ လေ့ကျင့်သင်ကြားရေးစခန်း (Camp) များ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြား ပေးခဲ့ပြီး စာမေးပွဲပြန်လည် ကျင်းပမည့်ရက်ကို ဇွန် ၁၆ ရက် မှ ၂၁ ရက်အထိ သတ်မှတ်ခဲ့သည်။
ယနေ့တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များမှ သတ်မှတ်ထားသည့် မြို့နယ် အသီးသီးရှိ စာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ၏ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ ဘာသာရပ်ကို ပြန်လည်ဖြေဆိုလျက်ရှိကြသည်။ ထိုသို့ ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆို နေမှုများကို ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုမှုအနေဖြင့် သတ်မှတ်ထားသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ စာစစ်ဌာန ၁၉၅ ခုတွင် လာရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၆၂၈၂၄ ဦးရှိသည့်အတွက် ဖြေဆိုရာခိုင်နှုန်း ၉၈ ဒသမ ၆၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ယခုကဲ့သို့ ကျောင်းသား ကျောင်းသူများ စာမေးပွဲ ဖြေဆိုနေစဉ် ကာလအတွင်း အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်များအလိုက် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ကိုစနစ်တကျစီမံဆောင်ရွက်ထား ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်