နေပြည်တော် ဇူလိုင် ၁၁
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ ငါးမျိုးစိုက်ထည့်ပွဲနှင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း ပရိဝုဏ်အတွင်း၌ ကျင်းပသည်။
ဦးစွာ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ကန်အမှတ် (၁) ၌ ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၇၅၀၀ နှင့် ထိုင်းငါးခုံးမသားပေါက်ကောင်ရေ ၇၅၀၀ စုစုပေါင်းငါးသားပေါက်ကောင်ရေ ၁၅၀၀၀ ခန့် စိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများက ငါးသားပေါက်များစိုက်ထည့့်ပြီး ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများမှ ငါးသားပေါက်များ ဆက်လက်စိုက်ထည့်ခဲ့ကြသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A) (B) (C) ရှေ့၌ ရတနာတန်းဝင်အပင်များဖြစ်သည့် ကျွန်းနှင့် ပျဉ်းကတိုးပျိုးပင် ၁ဝ၀၀ ကို ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများက ပျိုးပင်များဦးဆောင်စိုက်ပျိုးပြီး အရာထမ်း/ အမှုထမ်းများ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သစ်ပင်/ သစ်တောများ မပြုန်းတီးစေရန်နှင့် ရာသီဥတုကို မျှတကောင်းမွန်စေရန် ရည်ရွယ်၍ WUNNA THEIKDI SPORTS COMPLEX အတွင်း ၂၀၂၁ ခုနှစ်တွင် ပထမအကြိမ်အဖြစ် စိန်တလုံးသရက်ပင် ၅၀၀ ၊ ၂၀၂၂ ခုနှစ်တွင် ဒုတိယအကြိမ်အဖြစ် စိန်တလုံးသရက်ပင် ၆၀၀ ၊ ၂၀၂၃ ခုနှစ်တွင် တတိယအကြိမ်အဖြစ် စိန်တလုံးသရက်ပင် ၁၃၀၀ ၊ ယခု ၂၀၂၄ ခုနှစ် တွင် စတုတ္ထအကြိမ်အဖြစ် ကျွန်းပင် ၅၀၀ နှင့် ပျဉ်းကတိုးပင် ၅၀၀ စုစုပေါင်း ပျိုးပင် ၁၀၀၀ စိုက်ပျိုး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Breaking News


