နေပြည်တော် ဇန်နဝါရီ ၁၃
ဂျူဒိုအားကစားသမားများအချင်းချင်းချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ်ဂျူဒို အားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ဂျူဒိုအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး တို့အတွက်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ အမျိုးသား တံခွန်စိုက် ဂျူဒိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။
၂၀၂၄ ခုနှစ်၊ အမျိုးသား တံခွန်စိုက် ဂျူဒိုပြိုင်ပွဲတွင် (အမျိုးသား/အမျိုးသမီး) (Kata)ပြိုင်ပွဲနှင့် ဝိတ်တန်းအလိုက်အတိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများအပြီးတွင် ဆုရရှိခဲ့ကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်