နေပြည်တော်       ဇူလိုင်       ၂၆

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန် ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီဝင်ဌာနများမှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ မှကိုယ်စားလှယ်များနှင့် သစ်တောဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယနေ့ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီရေ တော ဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားသည် ဒီရေတော အရေး ပါမှုကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး ဒီရေတောများ ထိန်းသိမ်းရေးနှင့် ပြန်လည် တည်ထောင်ရေးတွင် ပြည်သူများ နိုးကြားစွာဖြင့် ပိုမိုပူးပေါင်း ပါဝင်လာစေရေးအတွက် ဒီရေတောများ သားစဉ်မြေးဆက် ထိန်းသိမ်းအသုံးပြုနိုင်ရေး ပြည်သူလူထုအသိပညာ မြှင့်တင်ပေးဟူသော ဆောင်ပုဒ်ဖြင့် နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်း။

ဒီရေတောများသည် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုး ထောက်ပံ့ပေးနိုင် သည့်အပြင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာရှိကြောင်း၊ ဒီရေတောများသည် လူဦးရေတိုးလာခြင်းနှင့်အတူ ပျက်စီးမှု ကြုံတွေ့နေရသည့်အတွက် ဒီရေတောသယံဇာတများ ထိန်းသိမ်းရေးနှင့် အသုံးပြုသူများအကြား ထိန်းညှိပေးပြီး ဟန် ချက် ညီညီဖွံ့ဖြိုးစေရေး အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒီရေတောများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရာတွင် ပြည်သူများ ပူးပေါင်းပါဝင်မှု အခန်းကဏ္ဍသည် အထူးအရေးကြီးပြီး လူထုအခြေပြု ဒီရေတောစိုက်ပျိုးခြင်း၊ ဒေသခံအစုအဖွဲ့ပိုင် သစ်တောများတည်ထောင်ခြင်း၊ အစိမ်းရောင်တံတိုင်း (Green Belt)များကို လူထုပူးပေါင်းပါဝင်မှုဖြင့် တည်ထောင်ခြင်းတို့တွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင် မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် သစ်တောဦးစီးဌာန ဝန်ထမ်းမိသားစုများအား ပညာသင်ထောက်ပံ့ရန်ပုံငွေနှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ပြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကမြန်မာနိုင်ငံ ဒီရေတောဂေဟစနစ်များ ထိန်းသိမ်းရေး အားလုံးပါဝင်ဆောင်ရွက်ပေးခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြကာ တက်ရောက်လာကြသူများနှင့်အတူ ခင်းကျင်းပြသထားသော အထိမ်းအမှတ် ပိုစတာများကို  လှည့်လည်ကြည့်ရှု ကြသည်။

ဒီရေတောများသည် ကမ္ဘာ့အပူပိုင်း မုတ်သုံရာသီဥတု ရရှိသည့် နိုင်ငံပေါင်း (၁၂၃) နိုင်ငံတွင် ပေါက်ရောက်ပြီး ကမ္ဘာ့သစ်တောများ၏ ဒဿမ ရာခိုင်နှုန်းသာရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကမ်းရိုးတန်း တိုင်းဒေသကြီး ()ခုနှင့် ပြည်နယ် ()ခုတွင် ဒီရေတော ဧရိယာ ဧက ( ဒသမ ) သန်းကျော် ပိုင်ဆိုင်ထားသည့်အတွက် ကမ္ဘာပေါ်တွင် သတ္တမ မြောက် ဒီရေတောဧရိယာ အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။

နိုင်ငံတော် အနေဖြင့် ဒီရေတော အမျိုးအစားနှင့် အခြေအနေပေါ်မူတည်၍ စီမံအုပ်ချုပ်ခြင်း မဟာဗျူဟာ()ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး ယနေ့အချိန်အထိ ဒီရေတော ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တော(၄၄)ခု၊ အဏ္ဏဝါအမျိုးသားဥယျာဉ်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ()ခု တည်ထောင် နိုင်ခဲ့ကာ မြန်မာနိုင်ငံ သစ်တောပြန်လည်တည်ထောင်ရေးစီမံကိန်း အစီအစဉ်ဖြင့် ၂၀၂၄ ခုနှစ်အထိ ဒီရေတောစိုက်ခင်း(၂၁၈၃၀) ဧက တည်ထောင်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)