ဒဂုံမြောက် အောက်တိုဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လိုက်လံကောက်ယူလျက်ရှိကြောင်း သိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုခဲ့ကြပြီး ရပ်ကွက် ၂၇ ခုတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူလျက်ရှိသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အနေဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် ကောက်ကွက် ၁၀၈ ကွက်အား စာရင်းစစ် ၃၅ ဦး၊ စာရင်းကောက် ၁၁၂ ဦး၊ စေတနာ့ဝန်ထမ်း ၅၂ ဦး စုစုပေါင်း ၁၉၉ ဦးဖြင့် ရပ်ကွက်များတွင် ကောက်ယူသွားမည်ဖြစ်ပြီး အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ မြို့နယ်တွင်းရှိ နေအိမ်များသို့ လိုက်လံကောက်ယူ သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)


