မိုင်းယန်း စက်တင်ဘာ ၂၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းသားများ ဟော်တိုက်ရပ်ကွက်အတွင်း၌ လက်တွေ့ကွင်းဆင်း ကောက်ယူနေမှု အခြေအနေများကို ယနေ့ နံနက် ၉ နာရီခွဲက တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ကြသည်။

 

လက်တွေ့ကွင်းဆင်း ကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်များမှ လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာ အချက်အလက်များနှင့် အိမ်အကြောင်းရာများ မေးမြန်ကောက်ယူနေမှု အခြေအနေများကို မိုင်းယန်းခရိုင် သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ကျော်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လှည့်လည်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း စာရင်းကောက်ကွက်ပေါင်း (၂၈)ကွက်ကို စာရင်းစစ်၊ စာရင်းကောက် (၂၀)ဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထွန်းထွန်းထူး