နေပြည်တော်၊ ဩဂုတ် ၁၇
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ် (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။
ယနေ့ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာ (အမျိုးသား) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို (၅) ဂိုး (၂)ဂိုးဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို (၈) ဂိုး (၁) ဂိုးဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၅) ဂိုး (၂) ဂိုးဖြင့်လည်းကောင်း၊ ကချင်ပြည်နယ် အသင်းက ကယားပြည်နယ်အသင်းကို (၆) ဂိုး (၂) ဂိုးဖြင့်လည်းကောင်း၊ (အမျိုးသမီး) ကွာတားဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းကို (၇) ဂိုး (၆) ဂိုးဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို (၆) ဂိုး (၁) ဂိုးဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းက ရခိုင်ပြည်နယ်အသင်းကို (၃) ဂိုး (၁) ဂိုးဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို (၂) ဂိုး (၁) ဂိုးဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ဩဂုတ် ၁၈ ရက် နံနက် ၈ နာရီမှစတင်၍ ဖူဆယ်အားကစားရုံ၌ (အမျိုးသမီး) ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ရှမ်းပြည်နယ်အသင်းနှင့် ကချင်ပြည်နယ်အသင်း၊ (အမျိုးသား) ဆီမီးဖိုင်နယ်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ရန်ကုန်တိုင်းဒေသကြီး အသင်းနှင့် ရှမ်းပြည်နယ်အသင်း၊ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ ဖူဆယ်အားကစားကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်