နေပြည်တော် ဒီဇင်ဘာ ၈

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစား ကြသည်။

 

ပြည်နယ်နှင့်တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို ရွှေကြာပင် အားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ရမှတ် (၆၇-၆၆) မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုကို ရှမ်းပြည်နယ်အသင်း၊ ဒုတိယဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်း၊ တတိယဆုကို ကချင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့က ရရှိခဲ့ကြသည်။

 

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၀)နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပရာ အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်း ကို ၃ ပွဲ ၂ ပွဲ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၃ ပွဲ ၁ ပွဲ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ကချင်ပြည်နယ်အသင်းကို ၃ ပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၃ ပွဲ ပြတ်ဖြင့် အနိုင်ရရှိကြသည်။

 

ပြည်နယ်နှင့်တိုင်းဒေသကြီး ကြက်တောင်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (C) ရုံ၌ ကျင်းပရာ အမျိုးသားကြက်တောင်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၃ ပွဲ ၁ ပွဲ၊ ရှမ်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို ၃ ပွဲ ၂ပွဲ ဖြင့်လည်းကောင်း၊ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီး အသင်း ကို ၃ ပွဲ ၁ ပွဲ၊ ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၃ ပွဲ ၂ ပွဲ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

 

ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသားကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး အသင်းက ရှမ်းပြည်နယ်အသင်းကို ၃ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုကို ရှမ်းပြည်နယ်အသင်း၊ တတိယဆုကို မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ကလည်းကောင်း၊ အမျိုးသမီး ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၃ ပွဲ ၁ ပွဲဖြင့် အနိုင်ရရှိခဲ့ပြီး၊ ပထမဆုကို ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုကို ရှမ်းပြည်နယ်အသင်း၊ တတိယဆုကို မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်းတို့က ရရှိခဲ့ကြသည်။

 

ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသား၊ အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လက်ဝှေ့ရုံ၌ကျင်းပရာ အမျိုးသား (၅၁) ကီလိုတန်း ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဟိန်းထွဋ်အောင်က ရှမ်းပြည်နယ်မှ ရဲနိုင်ကိုလည်းကောင်း၊ ကချင်ပြည်နယ်မှ ဘောမ်ဆောင် က ရန်ကုန်တိုင်းဒေသကြီးမှ ခန့်ဖြိုးကျော်ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သူရ က ချင်းပြည်နယ်မှ ရဲရင့်ထွေး ကိုလည်းကောင်း၊ ကရင်ပြည်နယ်မှ စောရွှေဝင်းက ရခိုင်ပြည်နယ်မှ အာကာထက်ဝင်း ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

 

 

 

 

အမျိုးသား(၅၄) ကီလိုတန်း ပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ အာကာဖြိုးက မကွေးတိုင်းဒေသကြီးမှ ကောင်းဆက်နိုင် ကိုလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးမှ ဇော်ဇော်နိုင် က ဧရာဝတီတိုင်းဒေသကြီးမှ စောလင်းအောင် ကိုလည်းကောင်း၊ ရှမ်းပြည်နယ်မှ ရှိုင်းငယ်က စစ်ကိုင်းတိုင်းဒေသကြီးမှ ကိုကိုထွန်းကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ဝင်းထိုက် က ပဲခူးတိုင်းဒေသကြီးမှ တူးမောင် ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

 

အမျိုးသား (၅၇) ကီလိုတန်း ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ မင်းဆက်သာဦးက မွန်ပြည်နယ်မှ ဟိန်းလင်းထွန်းကိုလည်းကောင်း၊ ကချင်ပြည်နယ်မှ ရှိန်းထက်ကိုကို က ပဲခူးတိုင်းဒေသကြီးမှ ဟိန်းထွဋ်ကျော်ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ လမင်းကိုကိုက ဧရာဝတီတိုင်းဒေသကြီးမှ ကျော်စွာမိုးကိုလည်းကောင်း၊ ချင်းပြည်နယ်မှ ဂင်ရှန်းမ္မောင် က ကရင်ပြည်နယ်မှ စောလှဟန်အေးကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

 

အမျိုးသား ၆၃ ဒသမ ၅ ကီလိုတန်း ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ နုတ်မာရ် က ရခိုင်ပြည်နယ်မှ ထူးအောင်ရဲရင့် ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ဘုန်းမြင့်မောင် က ဧရာဝတီတိုင်းဒေသကြီးမှ လင်းထက် ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးမှ စိုင်းနောင် က ကရင်ပြည်နယ်မှ စောဟဲဒိုစေး ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ကျော်မျိုးဟန် က ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ရာဇာနေဝင်း ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

 

အမျိုးသမီး(၅၀) ကီလိုတန်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးမှ အေးအေးမူ က ချင်းပြည်နယ်မှ ကေသွယ်ဝင်း ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည့်စုံဝင်း က ပဲခူးတိုင်းဒေသကြီးမှ အိန္ဒြေကျော် ကိုလည်းကောင်း၊ နေပြည်တော်မှ အိမ့်မြတ်ကျော် က မန္တလေးတိုင်းဒေသကြီးမှ ခိုင်သဇင်ထွန်း ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ မြမိုးသူ က ရှမ်းပြည်နယ်မှ သဲမြတ်မွန် ကိုလည်းကောင်း အနိုင်ရရှိခဲ့ကြ သည်။

 

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅) နှစ်အောက် ခရစ်ကတ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းမြားပစ်ကွင်း (၁/၂) ၌ကျင်းပရာ အမျိုးသားခရစ်ကက် ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ၁၆ မှတ်အသာ၊ မန္တလေးတိုင်း ဒေသကြီးက ပဲခူးတိုင်းဒေသကြီးအသင်းကို ၁၄ မှတ်အသာ၊ ရခိုင်ပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၁၃၉ မှတ်အသာ၊ ဧရာဝတီတိုင်းဒေသကြီးက မကွေးတိုင်းဒေသကြီး အသင်းကို ၁၀ ယောက်အသာဖြင့် လည်းကောင်း၊ အမျိုးသမီးခရစ်ကက် ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၅၁ မှတ်အသာ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက မွန်ပြည်နယ်အသင်းကို ၄ ယောက်အသာ၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို ၁၄ မှတ်အသာ၊ ကရင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၂ မှတ်အသာဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

 

 

 

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲအုပ်စု ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း (၃)/(၄) တို့တွင် ယှဉ်ပြိုင် ကစားကြရာ ချင်းပြည်နယ်အသင်းနှင့် မကွေးတိုင်းဒေသကြီးအသင်းတို့က တစ်ဖက် ၃ ဂိုးစီ သရေရလဒ်ထွက်ပေါ်ပြီး မန္တလေးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။

 

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဘောဂဝတီအားကစားကွင်းနှင့် လယ်ဝေးမြို့နယ် အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ကယားပြည်နယ်အသင်းတို့က ဂိုးမရှိ သရေ ရလဒ်ထွက်ပေါ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အသင်းက ရခိုင်ပြည်နယ်အသင်း ကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့ကြသည်။

 

ပြည်နယ်နှင့် တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဖူဆယ်အားကစားရုံ၌ကျင်းပရာ အမျိုးသမီးဖူဆယ် ဘောလုံးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၁၁ ဂိုး ဂိုးမရှိ၊ ကချင်ပြည်နယ်အသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၇ ဂိုး ၅ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။

 

ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း (A) ရုံ၌ ကျင်းပရာ အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်း က ရခိုင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ ပြည်ထောင်စု နယ်မြေ နေပြည်တော်အသင်းက ကရင်ပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ ကချင်ပြည်နယ် အသင်းက ကယားပြည်နယ်အသင်းကို ၂ ပွဲပြတ်၊ မွန်ပြည်နယ်အသင်းက ချင်းပြည်နယ်အသင်း ကို ၂ ပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီး အသင်းကို ၂ ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲတွင် မွန်ပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီးအသင်း ကို ၂ ပွဲ ၁ ပွဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ ရခိုင်ပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းအသင်းကို ၂ ပွဲပြတ်၊ ကရင်ပြည်နယ်အသင်းက ကချင်ပြည်နယ်အသင်း ကို ၂ ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

 

 

 

 

ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ ကျင်းပရာ အမျိုးသားသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးအသင်း က စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၂ ပွဲ ၁ ပွဲ၊ မကွေးတိုင်းဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၂ ပွဲ ၁ ပွဲ၊ မန္တလေးတိုင်းဒေသကြီးအသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် အသင်းကို ၂ ပွဲပြတ်၊ ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၂ ပွဲပြတ် ဖြင့်လည်းကောင်း၊ အမျိုးသမီးသုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ ဧရာဝတီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို ၂ ပွဲပြတ်၊ ရခိုင်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ၂ ပွဲ ၁ ပွဲ၊ မွန်ပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို ၂ ပွဲပြတ် တို့ဖြင့်လည်ကောင်း အနိုင်ရရှိခဲ့ကြသည်။

 

ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ပေါင်းလောင်း အားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနအသင်းတို့က ဂိုးမရှိ သရေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို ၂ ဂိုး ၁ ဂိုး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း က သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြသည်။

 

ပြည်နယ်နှင့်တိုင်းဒေသကြီးဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ ကျင်းပရာ အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲတွင် အလုပ်သမား ဝန်ကြီးဌာနအသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအသင်းတို့က တစ်ဖက် ၃ ဂိုးစီ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အသင်းက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအသင်းကို ၂ ဂိုး ဂိုးမရှိ၊ ပညာရေးဝန်ကြီးဌာနအသင်းက ပြန်ကြားရေးဝန်ကြီးဌာန အသင်းကို ၅ ဂိုး ၄ ဂိုး၊ ကျန်းမာရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အသင်းကို ၃ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ ခဲ့ကြသည်။

 

ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် အားကစားဝါသနာရှင် ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

 

သတင်းစဉ်