နေပြည်တော်၊   နိုဝင်ဘာ   ၁၉

 

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်မည့်နေရာများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ဒိုင်/ဂျူရီများ တည်းခို နေထိုင်မည့် အိပ်ဆောင်ပြုပြင်မွမ်းမံဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အမှတ်(၁)ဂိတ် ဝင်/ထွက် ပေါက်တွင် အမျိုးသားအား ကစားပွဲတော်  ဆိုင်းဘုတ်ဗီးနိုင်း တပ်ဆင်ထားရှိမှုများ၊ ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများ တက်ရောက် ကြည့်ရှုအားပေးမည့် နေရာထိုင်ခင်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စတိတ်စင်နောက်ခံပြင်ဆင်နိုင်ရေးကိစ္စရပ်များ၊ ရေကူးကန်အတွင်း ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)တွင် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်‌နောက်ခံဆိုင်း ဘုတ်တပ်ဆင်ထားရှိမှု၊ ဝန်ကြီးဌာနများနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အလံများ တပ်ဆင်ထား ရှိမှုအခြေအနေများ၊ အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) Cluster-5 ရှိ ဒိုင်/ဂျူရီများ တည်းခိုနေထိုင်မည့် အိပ်ဆောင်များ ပြုပြင်မွမ်းမံဆောင်ရွက်နေမှု များအား ကြည့် ရှုစစ်ဆေးသည်။  

 

ယင်းနောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲအခမ်းအနားကို ခမ်းခမ်းနားနားနှင့် စည်ကားသိုက်မြိုက အောင်မြင်စွာကျင်းပနိုင်ရေး၊  အခမ်းအနားပြင်ဆင်ရာတွင် လစ်ဟင်းမှုများ၊ လိုအပ်ချက်များမရှိစေရေး အတွက် စစ်ဆေးကြပ်မတ်သွားရန်နှင့် လိုအပ်ချက်များရှိပါက အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်သွားရန် မှာကြားခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)