နေပြည်တော်     မေ   

 

တပ်မတော်(ရေ)က ၂၀၂၄ ခုနှစ် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြား လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ   နေပြည်တော်စခန်းတန်းခွဲ() ရေကြောင်းလူငယ်စခန်းတွင်  လှေလှော်ရွက်တိုက်  ဘာသာရပ်ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယားရေကြောင်း လူငယ် စခန်းတွင် ရေတပ်အချက်ပြဆက်သွယ်ရေး ဘာသာရပ်ကိုလည်းကောင်း၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်း တွင် စစ်ရေးပြဘာသာရပ်ကိုလည်းကောင်း၊  ဧရာဝတီတိုင်းဒေသကြီး  ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ် စခန်းတွင်   အခြေခံရေတပ်သားဘာသာရပ်ကို လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့ရှိ ရေကြောင်း လူငယ်စခန်းတွင် အခြေခံရေတပ်သား ဘာသာရပ်ကိုလည်းကောင်း၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ ရေကြောင်း လူငယ်စခန်းတွင် ရေကြောင်း လမ်းညွှန်ဘာသာရပ်ကိုလည်းကောင်း တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။

 

ထိုသို့ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ကျွန်းစုမြို့နယ် တနင်္သာရီ ရေတပ်စခန်းဌာနချုပ်ရှိ  သင်တန်းသားများကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့် တာဝန်ရှိသူများက သင်တန်းလေ့ကျင့် သင်ကြားနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။   

သတင်းစဉ်