နေပြည်တော် ဩဂုတ် ၁၂
၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၃၀ နှင့်အုပ်ချုပ်သူများကို နိုင်ငံတော် အစီအစဉ်ဖြင့် ပြည်ပလေ့လာရေးခရီးစဉ် စေလွှတ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံမှ လေကြောင်းခရီးဖြင့် စင်ကာပူနိုင်ငံသို့ရောက်ရှိပြီး စင်ကာပူနိုင်ငံ သံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုး၊ သံမှူးကြီး ဒေါ်စံရာရွှေကိုးနှင့် သံရုံးဝန်ထမ်းများက ချန်ဂီလေဆိပ်၌ကြိုဆိုကြသည်။
လေ့လာရေးအဖွဲ့သည် နံနက် ၁၀နာရီခွဲတွင် ချန်ဂီလေဆိပ်မှ Jellicoe လမ်းရှိ တည်းခိုမည့် V Hotel Lavender သို့ ရောက်ရှိပြီး Food Court တွင် နေ့လယ်စာ သုံးဆောင်ကြသည်။
ညနေပိုင်းတွင် ထူးချွန်ကျောင်းသား ကျောင်းသူများသည် စင်ကာပူနိုင်ငံ မြန်မာ သံရုံးသို့ရောက်ရှိ၍ သံရုံးဝင်းအတွင်း Pho Leng Lion Dance ခြင်္သေ့အကဖြင့် ကြိုဆိုပြီး သံရုံး ယာယီတာဝန်ခံ ဦးဇော်ဇော်စိုးက ခရီးစဉ်နှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ သံရုံးက တည်ခင်းသည့် ညစာကို သုံးဆောင်ကြသည်။ ညပိုင်းတွင် လေ့လာရေးအဖွဲ့သည် Tangling MRT ဘူတာမှ Ruffles Place MRT သို့ ရထားစီး၍ Merlion Park သို့ သွားရောက်ကာ လှည့်လည်ကြည့်ရှုလေ့လာကြသည်။
သတင်းစဉ်