တိုကျို ဖေဖော်ဝါရီ ၂၆
ဂျပန်နိုင်ငံတစ်လွှား အသစ်တည်ဆောက်ထားသည့် ကွန်ဒိုမီနီယံပျမ်းမျှဈေးနှုန်းမှာ ၂၀၂၄ ခုနှစ် အတွင်း ၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်မားလာကြောင်း ပုဂ္ဂလိကသုတေသနကုမ္ပဏီဖြစ်သည့် အိမ်ခြံမြေစီးပွားရေးအဖွဲ့အစည်း၏ ဖေဖော်ဝါရီ ၂၆ ရက် ထုတ်ပြန်ချက်များအရ သိရသည်။
ကွန်ဒိုသစ်ဈေးနှုန်းများမှာ ရှစ်နှစ်ဆက်တိုက် စံချိန်တင်မြင့်မားနေခြင်းဖြစ်သည်ဟု ဖော်ပြထား သည်။ ကွန်ဒိုသစ်ပျမ်းမျှဈေးနှုန်းမှာ လွန်ခဲ့သည့်နှစ်က ယန်း ၆၀ ဒသမ ၈၂ သန်းရှိပြီး ယန်းငွေ သန်း ၆၀ ထက်ကျော်လွန်သွားခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းနှင့် လုပ်သားစရိတ်ကြီးမြင့်သည့်အတွက် ဆောက်လုပ်ရေး စရိတ် စကများ ကြီးမြင့်ရခြင်းဖြစ်သည်။ တိုကျိုမြို့ဧရိယာအတွင်း ကွန်ဒိုပျမ်းမျှဈေးနှုန်း မှာ ၃ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းသွားပြီး ကင်ကီဧရိယာတွင်မူ ဈေးနှုန်းမှာ ၁၄ ဒသမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
ဆောက်လုပ်ရေးစရိတ်စကများကြီးမြင့်မှုနှင့် လူကြိုက်များသည့်နေရာများတွင် အထူးဈေးနှုန်း များဖြင့် ရောင်းချမှုများကြောင့် နိုင်ငံတစ်ဝန်း ကွန်ဒိုဈေးနှုန်းများ ဆက်လက်မြင့်တက်သွားမည်ဟု သုတေသနကုမ္ပဏီက ခန့်မှန်းထားသည်။
ဆင်ဟွာ