လန်ဒန် ဖေဖော်ဝါရီ ၂၆
၂၀၂၄ ခုနှစ်အတွင်း လန်ဒန်မြို့ရှိ ဟီသရိုးလေဆိပ်သို့ ခရီးသွား ၈၃ ဒသမ ၉ သန်း စံချိန်တင် ဝင်ရောက်ခဲ့ပြီး ၂၀၂၃ ခုနှစ်ကနှင့် နှိုင်းယှဉ်လျှင် ၆ ရာခိုင်နှုန်း တိုးလာကြောင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် လေဆိပ်အာဏာပိုင်များက သတင်းထုတ်ပြန်သည်။
ဟီသရိုးလေဆိပ်သို့ ၂၀၁၉ ခုနှစ်ကဝင်ရောက်သည့် ခရီးသွားဦးရေထက် ၂၀၂၄ ခုနှစ်တွင် ဝင် ရောက် သည့် ခရီးသွားဦးရေမှာ သုံးသန်းခန့် ပို၍များပြားကြောင်း သိရသည်။
ငါးနှစ်တာအတွင်း ပထမဆုံး အကြိမ်အဖြစ် ၂၀၂၄ နှစ်၏ စီးပွားရေးလုပ်ငန်းများအား ကောင်းလာ သည့် ရလဒ်ဖြစ်ပြီး လာမည့်သီတင်းပတ်များအတွင်း ဟီသရိုးဘုတ်အဖွဲ့သည် ၎င်းတို့၏ ရှယ်ယာရှင် များကို အမြတ်ငွေပေါင်သန်း ၂၅၀ ပေးသွားရန် ဆုံးဖြတ်ထားသည်ဟု ကြေညာချက် ထုတ်ပြန် ထားသည်။
နှစ်အတန်ကြာအခြေအတင်ဖြစ်ပြီးနောက် ဗြိတိန်အစိုးရသည် ဟီသရိုးလေဆိပ်ချဲ့ထွင်ခြင်းကို ထောက်ခံကြောင်း ကြေညာခဲ့သည်။
လေဆိပ်ကြောင့် အလုပ်အကိုင် ၁၀၀၀၀၀ ကျော် ဖန်တီးနိုင်ပြီး ဗြိတိန်၏စီးပွားရေးကို ဘီလီယံနှင့်ချီ မြှင့်တင်ပေးသည့် အတွက် ယခုလို ထောက်ခံခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ