ဘရပ်ဆဲလ် ဇန်နဝါရီ ၅
၂၀၂၄ ခုနှစ်အတွင်း ဥရောပသို့ ဝင်ရောက်ရန်ကြိုးပမ်းခဲ့သည့် ရွှေ့ပြောင်းနေထိုင်သူ ၂၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂနှင့် အီတလီ သတင်းရင်းမြစ်များမှ နောက်ဆုံးရ သတင်းအချက် အလက်များအရ သိရသည်။
ပြီးခဲ့သည့်နှစ်က မြေထဲပင်လယ်တွင် ရွှေ့ပြောင်းနေထိုင်သူ ၂၂၀၀ ထက်မနည်းသေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)က ပြောကြားသည်။
သေဆုံးသူအများစုမှာ လူငယ်များဖြစ်ကြောင်း UNICEF ၏ ဥရောပနှင့် ဗဟိုအာရှဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး ရီဂီနာဒီ ဒိမီနီဆစ်က ပြောကြားပြီး ဥရောပ၌ ဘေးကင်းလုံခြုံရေးအတွက် ရှာဖွေနေသော ကလေးသူငယ်များ ကာကွယ်ရေးကို ဦးစားပေးလုပ်ဆောင်ရန် ဥရောပနိုင်ငံများကို ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။
ဒီဇင်ဘာ ၂၉ ရက်အထိ ဥရောပသို့ ဝင်ရောက်ခဲ့သူအရေအတွက် ၁၉၃၄၄၈ ဦးရှိပြီး အီတလီ၊ ဂရိနှင့် စပိန်နိုင်ငံတို့သည် ရွှေ့ပြောင်းနေထိုင်သူများအတွက် အဓိက ဝင်ရောက်ရာနေရာဖြစ်ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့၏ အစီရင်ခံစာအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အောင်ကျော်ကျော်