၂၀၂၄ ခုနှစ်အတွင်းယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် မြန်မာ ယူ-၁၉ အသင်းကို  ပဏာမကစားသမား ၄၄ ဦးဖြင့် ဖွဲ့စည်း

 

ရန်ကုန်၊ ဇန်နဝါရီ ၂

 

၂၀၂၄ ခုနှစ်အတွင်းယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် မြန်မာ ယူ-၁၉ အသင်းကို ပဏာမကစားသမား ၄၄ ဦးဖြင့်ဖွဲ့စည်းလိုက်ပြီဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းကို ၂၀၂၃ နှစ်ဆန်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး နည်းပြချုပ်အဖြစ် ဦးအောင်နိုင်၊ လက်ထောက်နည်းပြများအဖြစ် ဦးအောင်ခိုင်၊ ဦးခင်မောင်ထွေးနှင့် ဂိုးနည်းပြအဖြစ် ဦးဇော်လင်းအောင်တို့က တာဝန်ယူ ကိုင်တွယ်ခဲ့သည်။

 

ကာလရှည်စခန်းသွင်း လေ့ကျင့်နေသည့်ကာလအတွင်း ပြိုင်ပွဲအတွေ့အကြုံကောင်းများရရှိရန် ၂၀၂၃ ရာသီ MNL-2 ပြိုင်ပွဲကို  Junior Lions အသင်းအမည်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သလို ပြည်တွင်းကလပ်များ၊ အကယ်ဒမီအသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် MNL-2 ပြိုင်ပွဲအပြီးတွင် ကစားသမားသစ်များ ထပ်မံအားဖြည့်ခဲ့ပြီး လက်ရှိတွင် ပဏာမကစားသမား ၄၄ ဦးဖြင့် လေ့ကျင့်နေခြင်းဖြစ်သည်။ လက်ရှိရွေးချယ်ထားသည့် ပဏာမလူစာရင်းတွင် မြန်မာ ယူ-၁၆ အသင်း (Young Boys) အသင်းမှကစားသမားများ၊ အကယ်ဒမီများမှ ကစားသမားများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများမှ ထွက်ပေါ်လာသော ကစားသမားများ၊ MNL နှင့် MNL-2 ကလပ်အသင်းများမှ ကစားသမားများပါဝင်ပြီး အလားအလာ ရှိသည့် လူငယ်ကစားသမားများကိုလည်း ထပ်မံအားဖြည့်ခြင်းများ ပြုလုပ်မည်ဖြစ်သည်။ လက်ရှိရွေးချယ်ထားသည့် ပဏာမလူစာရင်းတွင် ဂိုး- စောကျော်ခန့်နို (တက္ကသိုလ်)၊ စောအယ်ဒိုထူး (Dogon Port )၊ ချစ်ရအောင်စိုး (နေပြည်တော်)၊ ပိုင်ဇင် (အား/ကာသိပ္ပံ)၊ ဟန်မြင့်မြတ်ထွန်း (မဟာယူနိုက်တက်) နောက်တန်း- ထွန်းထွန်းသိန်း (ရတနာပုံ)၊ ကောင်းဆက်ပိုင် (အား/ကာသိပ္ပံ)၊ ကောင်းခန့်ကျော် (ဧရာဝတီယူနိုက်တက်)၊ ဖြိုးပြည့်စုံ (မန္တလေးတိုင်းဒေသကြီး)၊ အောင်မြင့် (မွန်ပြည်နယ်)၊ ရဲကောင်းဆက်၊ သူရအောင် (Glory Goal)၊ ခန့်ဇင်ဟိန်း၊ ရှင်မွေလငိုင်းကီး၊ ခွန်းချိုထူး (Junior Lions)၊ လွမ်းထက်ထွန်း (စီမံ/ ဘဏ္ဍာ)၊ စခန့်ချော (တက္ကသိုလ်)၊ လွင်ဖြိုးအောင် (ဟံသာဝတီ ယူနိုက်တက်)၊ အလယ်တန်း- ခွန်သူရိန်ထူး (Police Tero Academy)၊ အောင်ခန့်ကျော် (နေပြည်တော်)၊ စောလင်းထက်ပိုင် (ရခိုင်ယူနိုက် တက်)၊ ဝိုင်းလု (ဟံသာဝတီယူနိုက်တက်)၊ သူရ(Glory Goal)၊ ဂျခီဆွတ် အောင် (Junior Lions)၊ ဇော်မျိုးထွန်း၊ မင်းသန့်ဗိုလ် (စီမံ/ ဘဏ္ဍာ)၊ ကောင်းဇေယျာလင်း (မဟာယူနိုက်တက်)၊ ကောင်းခန့်ကျော် (မန္တလေးအကယ်ဒမီ)၊ နိုင်ကို (မွန်ပြည်နယ်)၊ သိန်းဇော်သီဟ(အား/ကာသိပ္ပံ)၊ မင်းမော်ဦး (သစ္စာအားမာန်)၊ နိုင်အောင်ဆန်း (Dogon Port )၊ ဝင်းကိုဌေး (Junior Lions)၊ ရှေ့တန်း- စွမ်းထက် (ရတနာပုံ)၊ ဝင်းပြည့်မောင်၊ နိုင်လင်းဖြိုး (အား/ကာသိပ္ပံ)၊ ဇွဲမာန်သာ (ဟံသာဝတီယူနိုက်တက်)၊ နိုင်ဝင်းထွန်း (မန္တလေးတိုင်းဒေသကြီး)၊ စောဆဲက‌ပေါ်ဆေး၊ မောင်တော့ (ဧရာဝတီတိုင်းဒေသကြီး)၊ စောမျိုးဇော် (သစ္စာအားမာန်)၊ ထွန်းနိုင်စိုး (ရက္ခပူရယူနိုက်တက်)၊ ရှိုင်းဝဏ္ဏအောင်နှင့် စိုင်းဇေယျာကျော် (Junior Lions) တို့ ပါဝင်ကြသည်။

 

မြန်မာ ယူ-၁၉ အသင်းသည် ယခုနှစ်အတွင်း အာရှဖလား ယူ-၂၀ ခြေစစ်ပွဲအပါအဝင် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အခြားနိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

သတင်း - ကိုညီလေး

ဓာတ်ပုံ - MFF