မိုဂါဒစ်ရှူး၊ ဇန်နဝါရီ ၃၀

၂၀၂၄ ခုနှစ်တွင် ဆိုမာလီယာနိုင်ငံရှိ လူဦးရေ ၅ ဒသမ ၂ သန်း၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန်အတွက်  ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ  အေဂျင်စီက အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ လိုအပ်ကြောင်း ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားသည်။

ဆိုမာလီယာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီ လိုအပ်နေသူဦးရေသည် ၂၀၂၃ ခုနှစ်တွင် ၈ ဒသမ ၂၅ သန်းရှိခဲ့ကာ ၂၀၂၄ ခုနှစ် တွင် ၆ ဒသမ ၉ သန်းအထိ လျော့ကျသွားခဲ့မည်ဟု မျှော်လင့်ထားကြောင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ပြောကြားသည်။

မိုးခေါင်ရေရှားမှုနှင့် ရေကြီးမှု၊ ပဋိပက္ခဖြစ်ပွားမှု၊ ဆင်းရဲမွဲတေမှုနှင့် ရောဂါဖြစ်ပွားမှုများ အပါအဝင် ရာသီဥတုဆိုင်ရာ ပြဿနာများကြောင့် ဆိုမာလီယာ နိုင်ငံတွင် လူသားချင်းစာနာမှု လိုအပ်ချက်သည် ၂၀၂၄ ခုနှစ်တွင် ဆက်လက်မြင့်မားနေလိမ့်မည်ဟု မျှော်လင့်ရကြောင်းလည်း မြို့တော် မိုဂါဒစ်ရှူးတွင် ထုတ်ပြန်ခဲ့သည့် လူသားချင်းစာနာမှုဆိုင်ရာ အချက်အလက်များအရ သိရသည်။

ဆိုမာလီယာနိုင်ငံ၌ ၂၀၂၃ ခုနှစ်အတွင်း ရေကြီး ရေလျှံမှုများ သိသိသာသာ ပိုမိုဆိုးရွားလာခဲ့သည့် ခရိုင် ၁၀ ခုတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ၊

 ဘာသာပြန်-အလင်းသစ်