ရန်ကုန် ဇွန် ၅

 

၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) 3: 3: "Ending Plastic Pollution Globally (ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး)"ဆောင်ပုဒ်ဖြင့် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ ၌ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရား သူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သောဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားတွင် ရင်ဆိုင်ကြုံတွေ့နေရ သည့် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးသက်ရောက် မှုများနှင့်အတူ သဘာဝသယံဇာတများ လျော့နည်း ဆုံးရှုံးလာခြင်း၊ သစ်တောများ ပြုန်းတီးခြင်း၊ ဂေဟစနစ်များ ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းလာခြင်း၊ ရေအရင်းအမြစ်များ ရှားပါးလာခြင်း၊ လေထုနှင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်း စသည့်ပတ်ဝန်းကျင်ယိုယွင်း ထို့နောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ပျက်စီးမှု ပြဿနာရပ်များအပြင် ပလတ်စတစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အတွက် ကုလ စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု သမဂ္ဂ အတွင်းရေးမှူးချုပ် Mr. Antonio Guteress များကိုလည်း အလေးထားဖြေရှင်းဆောင်ရွက်ရမည့် ၏ သဝဏ်လွှာဗီဒီယိုနှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကိစ္စရပ်တစ်ခုဖြစ်ပါကြောင်း၊ ယင်းတို့ကို ကမ္ဘာ့ ပတ်ဝန်းကျင် ထိမ်းသိန်းရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်နှင့်အညီ အားလုံးဝိုင်းဝန်းပူးပေါင်းဖြေရှင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။ ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပညာပေး ဗီဒီယိုမှတ်တမ်းကို ပြသသည်။

 

ဆက်လက်၍ ၂ဝ၂၄-၂ဝ၂၅ ခုနှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသည့် ကျောင်းများ ကို တာဝန်ရှိသူများက ဆုများချီးမြှင့်ကြသည်။

 

ယင်းနောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများ၊ ၂၀၂၄-၂၀၂၅ ခုနှစ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော စက်ရုံ/ အလုပ်ရုံ/ လုပ်ငန်းဆုပထမ၊ ဒုတိယနှင့် တတိယရရှိသည့် စက်ရုံ/ အလုပ်ရုံ/ လုပ်ငန်းများ၊ ၂၀၂၄ - ၂၀၂၅ ခုနှစ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောမြို့ဆုနှင့် ၂၀၂၄ - ၂၀၂၅ ခုနှစ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာဆု တို့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဆုများ ချီးမြှင့်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြသထားသော ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)