တိုကျို ဖေဖော်ဝါရီ ၂၆
၂၀၂၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံ၌ ကလေး ခုနစ်သိန်းကျော် မွေးဖွားခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပဏာမအချက်အလက်များအရ သိရှိရပြီး အဆိုပါအရေအတွက်သည် ကလေးမွေးဖွားမှုနှုန်း စံချိန်တင်ကျဆင်းမှုကို ပြသလျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားမိဘများမှ မွေးဖွားသည့်ကလေးများအပါအဝင် ကလေး ၇၀၅၈၀၉ ဦး မွေးဖွားခဲ့ပြီး ၂၀၂၄ ခုနှစ်ကနှင့် နှိုင်းယှဉ်လျှင် ကလေးဦးရေမှာ ၁၅၁၇၉ ဦးရေ ကျဆင်းသွားသည်။
အဆိုပါအရေအတွက်သည် ၁၀ နှစ်ဆက်တိုက် ကလေးမွေးဖွားမှုကျဆင်းခြင်းကို ဖော်ပြလျက်ရှိပြီး ၁၈၉၉ ခုနှစ်နောက်ပိုင်း ကလေးမွေးဖွားမှုနှုန်း အနိမ့်ဆုံးအရေတွက်လည်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်းမှာ ၂၀၄၂ ခုနှစ်သို့ ရောက်လျှင် ၇၁၀၀၀၀ အောက်သို့ ကျဆင်းသွားမည်ဟု အမျိုးသားလူဦးရေနှင့် လူမှုဖူလုံရေးသုတေသနဌာနက ၂၀၂၃ ခုနှစ်တွင် ခန့်မှန်းထားသည်။
၂၀၂၅ ခုနှစ်အတွင်း တိုကျို၌ မွေးဖွားသည့် ကလေးဦးရေ ၈၈၅၁၈ ဦးရှိပြီး ယမန်နှစ်ကနှင့် နှိုင်းယှဉ်လျှင် ၁၁၄၂ ဦး တိုးလာခဲ့သည်။ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားခြင်းလည်းဖြစ်ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


