မကာအို  မတ်  ၁၆

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မကာအို အထူးအုပ်ချုပ်ရေးဒေသ (SAR) သည် ၂၀၂၅ ခုနှစ်  နှစ်ကုန်တွင် လူဦးရေ   ၆၈၈၉၀၀   အထိရှိလာပြီး ယမန်နှစ်ထက် အနည်းငယ်တိုးလာကြောင်း သိရသည်။

အဆိုပါအရေအတွက်မှာ ယမန်နှစ်ကထက် ၀  ဒသမ ၁ ရာခိုင်နှုန်းတိုးလာကြောင်း SAR ၏ စာရင်းအင်းနှင့် သန်းခေါင်စာရင်းဝန်ဆောင်မှုလုပ်ငန်း (DSEC) က မတ် ၁၆ ရက်တွင်  ထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။

လူဦးရေများထဲတွင် အသက် ၁၄ နှစ်အထိ လူငယ် ၁၁ ဒသမ ၇ ရာခိုင်နှုန်း၊ အသက် ၆၀  နှစ်အထိ အသက်ကြီးသူ  ၁၅ ဒသမ   ၃ ရာခိုင်နှုန်းဖြစ်ကြောင်း စာရင်းအင်း နှင့်  သန်းခေါင်စာရင်း ဝန်ဆောင်မှုလုပ်ငန်းက မှတ်ချက်ပြုထားသည်။

မကာအို၌ ၂၀၂၅ ခုနှစ်အတွင်း အရှင်မွေးဖွားမှုနှုန်းအရေအတွက်  ၂၈၇၀ နှင့်  အသေမွေးဖွားမှုနှုန်းအရေအတွက် ၂၄၂၄ ဦးဖြစ်ကြောင်း အဆိုပါဝန်ဆောင်မှုလုပ်ငန်းက ထုတ်ပြန်ထားသည်။

ဆင်ဟွာ

ဓာတ်ပုံ-the macao news