နေပြည်တော် မတ် ၁၂

ပြည်တွင်းစားအုန်းဆီ ရည်ညွှန်းဈေးနှုန်းများသည် ဇန်နဝါရီ ၁ ရက်တွင် စားအုန်းဆီ တစ်ပိဿာငွေကျပ် ၇,၂၈၀ ဖြစ်ခဲ့ပြီး ယနေ့တွင် ငွေကျပ် ၆,၈၉၀ ဖြစ်သောကြောင့် ၂၀၂၅ ခုနှစ် နှစ်ဆန်းမှ ယခုအချိန်ထိ   ငွေကျပ် ၃၉၀  ကျဆင်းလာကြောင်း တွေ့ရသည်။

ပြည်တွင်းစားအုန်းဆီဈေးနှုန်းများကို ပြည်ပစားအုန်းဆီထုတ်လုပ်သည့်  အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့တွင် အပတ်စဉ်ဖြစ်ပေါ်နေသော ဈေးနှုန်းများနှင့် ပြည်တွင်းနိုင်ငံခြား ငွေလဲလှယ်နှုန်းများအပေါ် မူတည်၍ စားအုန်းဆီအခြေခံရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်